အတွေး
ပြုစုစောင့်ရှောက်ရေးဝန်ထမ်းများ၊သူနာပြုများမှ ၂၄နာရီ၊၃၆၅ရက်ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျှက်ရှိသည်။
ERSTES၏ ဝန်ဆောင်မှုကို အသုံးပြုသူတိုင်းအတွက် အပြုံးပန်းဝေဆာပြီ
း လန်းဆန်းသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးလျှက်ရှိသည်။
ကျွန်တော်တို့၏ ဘိုးဘွားရိပ်သာ
ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ကာကွယ်ပေးပြီး နွေးထွေးလုံခြုံသောနေထိုင်မှုဘဝကို ရရှိမည်
ဝန်ဆောင်မှုအသုံးပြုသူများ၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ကာကွယ်လျှက် ကြင်နာမှု၊ ရိုးသားမှု များဖြင့် ပြုံးရွှင်စွာဝန်ဆောင်မှုပေးလျှက်ရှိသည်။ ဝန်ဆောင်မှုအသုံးပြုသူများနှင့် ၎င်းတို့မိသားစုများ အတွက် ယုံကြည်စိတ်ချရသောကုသမှု၊ နွေးထွေးသောစောင့်ရှောက်မှုများဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိသည်။
ကျွန်တော်တို့ ဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းများနှင့်သူနာပြုများမှ ၃၆၅ရက် ၂၄နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျှက်ရှိသည်။ အားလုံးနွေးထွေးလုံခြုံ၍ ပျော်ရွှင်သောဘဝများ ရရှိစေရန် ကျွန်တော်တို့၏ကျွမ်းကျင်ဝန်ထမ်းများမှ စေတနာမေတ္တာအပြည့်ဖြင့် ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။
ဝန်ဆောင်မှုအသုံးပြုသူများသာမက ၎င်းတို့၏မိသားစုဝင်များကိုပါ စိတ်ချမ်းသာစေရန် ဝန်ဆောင်မှု
ပေးလျှက်ရှိသည်
ဝန်ဆောင်မှုအသုံးပြုသူများ၏ နေထိုင်မှုဘဝကောင်းမွန်စေရန်၊ ၎င်းတို့၏မိသားစုများ စိတ်ချနိုင်စေရန် နွေးထွေးလုံခြုံသော ပတ်ဝန်းကျင်ကောင်းကို ကြိုးစားဖန်တီးလျှက်ရှိသည်။ အသုံးပြုသူ အားလုံး၏ဘဝများ အေးချမ်းတည်ငြိမ်စေပြီး အသုံးပြုသူများနှင့် မိသားစုဝင်များအတွက် အဓိပ္ပာယ်ရှိသော ရွေးချယ်မှု ဖြစ်ရန် မျှော်လင့်ကြိုးပမ်းလျှက်ရှိသည်။ အားလုံးသက်တောင့်သက်သာရှိ၍ စိတ်ချမ်းသာပျော်ရွှင်သော ဘဝများ ရရှိစေရန် ကျွန်တော်တို့အားလုံးမှ ဝန်ဆောင်မှုပေးလျှက်ရှိသည်။
အမြင်၊ အကြံပြုချက်နှင့် ဆန္ဒများရှိပါက လွတ်လပ်စွာဆက်သွယ်နိုင်ပါသည်။
ERSTES၏ ပတ်ဝန်းကျင်
သူနာပြုစောင့်ရှောက်မှုဝန်ဆောင်မှုများ၊ စောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ခိုင်မာသောချိတ်ဆက်ဆောင်ရွက်မှုစနစ်များဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိသည်။
●ဘိုးဘွားရိပ်သာ၏ ဝန်ဆောင်မှုများ
တစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီသောကုသမှု၊ သူနာပြုစောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။ ကျွန်တော်တို့ရိပ်သာများတွင် အသက်ရှူစက်တပ်လူနာများအတွက် အိမ်တိုင်ရာရောက် အသက်ရှုစက်စီမံခန့်ခွဲခြင်းဝန်ဆောင်မှုလည်းရှိပါသည်။ ပြည့်စုံသောပြန်လည်ထူထောင်ရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။
●သတိမေ့ရောဂါဆိုင်ရာ သူနာပြုဝန်ဆောင်မှုများ
ကျွန်တော်တို့ရိပ်သာသည် Hokkaidoရိပ်သာအဖွဲ့ထဲတွင် ၂၄နာရီပြုစုစောင့်ရှောက်မှုဝန်ဆောင်မှု ရရှိနိုင်သော ပထမဆုံးရိပ်သာဖြစ်ပြီး ကုသရန်ခက်ခဲသော သတိမေ့ရောဂါရှင်များအတွက် အထူးစောင့်ရှောက်မှု ပေးလျှက်ရှိသည်။
●အိမ်တိုင်ရာရောက် သူနာပြုဝန်ဆောင်မှု
ဆရာဝန်များ၏ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သောပြုစုစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများကို သူနာပြုများမှ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးလျှက်ရှိသည်။